International News

ကမ္ဘာ့ကပ်ရောဂါဆက်လက်ဖြစ်ပွားလျက်ရှိသော်လည်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏသည် မျှော်မှန်းထားသည်ထက်တိုးတက်ခဲ့ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ယွမ် (၁၄.၂၄) ထရီလီယံ(အမေရိကန်ဒေါ်လာ ၂.၀၄ ထရီလီယံ) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်ကာလနှင့်နှိုင်းယှဉ်ပါက (၃.၂) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏသည် ယွမ် (၇.၇၁) ထရီလီယံရှိခဲ့ပြီး (၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်ပမာဏသည် ယွမ် (၆.၅၃) ထရီလီယံရှိခဲ့ပြီး (၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ပြီး အချို့နိုင်ငံများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများဖြစ်ပွားမှုကြောင့် ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်း၊ ပိတ်ဆို့မှုများ ဖြေလျော့ပေးခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ တည်ငြိမ်မှုရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၁၉ ခုနှစ်၊ ဇွန်လနှင့် နှိုင်းယှဉ်ပါက (၅.၁) ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း၊ ပို့ကုန်ကဏ္ဍတွင် (၄.၃) ရာခိုင်နှုန်း၊ သွင်းကုန်ကဏ္ဍတွင် (၆.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏမြင့်တက်ခဲ့ခြင်းသည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ခြင်း၊ ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်း အမှာစာများ ပြန်လည်မြင့်တက်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ Bank of Communications မှ စီးပွားရေးသုတေသနပညာရှင် Liu Xuezhi ကပြောကြားခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်ကာလအတွင်း အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံ၏အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ခဲ့ပြီး ကုန်သွယ်မှုပမာဏသည် ယွမ် (၂.၀၉) ထရီလီယံ ရှိခဲ့သဖြင့် ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက (၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ဥရောပနိုင်ငံများနှင့်ကုန်သွယ်မှုပမာဏသည် ယွမ် (၁.၉၉) ထရီလီယံ ရှိခဲ့ပြီး (၁.၈) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ယွမ် (၁.၆၄) ထရီလီယံရှိခဲ့ပြီး (၆.၆) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏ မြင့်တက်လာခြင်းသည် ဒေသတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု အား ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်ခြင်း၊ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်များ ထားရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၆ လ အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများဖြစ်ပေါ်မှုအားတိုက်ဖျက်ရန် ပြည်ပနိုင်ငံများအတွက် အရေးတကြီးလိုအပ်နေသည့်ကုန်ပစ္စည်းများ တင်ပို့မှုပမာဏမြင့် တက်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံများသို့ Face Masks အပါအဝင် အထည်အလိပ် ပို့ကုန် ပမာဏသည် (၃၂.၄) ရာခိုင်နှုန်း၊ ဆေးပစ္စည်းတင်ပို့မှုတွင် (၂၃.၆) ရာခိုင်နှုန်း၊ ဆေးပစ္စည်းနှင့် ပတ်သက်သည့်ဆက်စပ်ပစ္စည်းများတင်ပို့မှုတွင် (၄၆.၄) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ ကြောင်း တရုတ်နိုင်ငံ၊ Chinese Academy of International Trade and Economic Cooperation မှ စီးပွားရေးသုတေသနပညာရှင် Bai Ming ကပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1194447.shtml

Category: International News